ကျိုက်ထိုမြိုနယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြိုနယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၈

   မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ဆောင်ရွက်ခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများကို ယနေ့နံနက်ပိုင်းက ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


  မိုးကြိုကာလရောက်ရှိလာပြီးမုန်းတိုင်းအန္တရာယ်ကျရောက်လာနိုင်မည်ဖြစ်၍ ကျိုက်ထို မြို့နယ်အတွင်း သဘာဝဘေးကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နိုင်ရေးအသိပညာပေးခြင်းနှင့် စုရပ်များကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊  သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်  ကျိုက်ထို မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ မီးသတ်တပ်ဖွဲ့ဝင် ( ၃၅ )ဦးအား အသင့်စုဖွဲ့ ပြီး ကယ်ဆယ်ရေးလေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်မည့်ပစ္စည်းကိရိယာများဖြစ်သော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များ၊ အသက်ကယ် Speed Boat၊ စက်သုံးဆီ၊ အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောကွင်း၊ အသက်ကယ်ကြိုးများစသည်ဖြင့် အသင့်ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံး၊ ဦးစီးအရာရှိ ထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)