အင်္ဂပူမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ


MNP ၊ မေ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးစီမံခန့်ခွဲမှုကော်မတီ ၏ စီမံမှုဖြင့် တာဝန်ရှိသူများ‌ပူးပေါင်းပြီး မုန်တိုင်းအန္တရာယ် သတိပြု ကြိုတင်ကာကွယ်ရေး အသိပေးလိုက်လံနှိုးဆော်ခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်‌နေ့ညပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့လိုက်လံနှိုးဆော်ရာတွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး အင်္ဂပူမြို့နယ် ဝက်သေကျေးရွာအုပ်စု၊ အေးစေတီကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး စသည်များကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် သိရှိလိုက်နာရမည့် အချက်များ တို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


 မန်းကျော်

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)