MNP ၊ မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မေလ ၈ ရက်နေ့တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းခံရသည့် အိမ်ထောင်စုဝင်မိသားစုများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်းတို့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် လေဘေးသင့်နေအိမ်များတွင် ဆောင် ရွက်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခ ံတပ်နယ်မှ တာဝန်ရှိသူနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လေဘေးသင့် အိမ်ထောင်စုများ တက် ရောက်ကြသည်။
ဦးစွာ မိုင်းဆတ်မြို့၊ ဝိန်းနေရပ်ကွက်ရှိ ကံ့ကော်မြိုင်ဘုန်းကြီးကျောင်းဝန်းအတွင်း နှစ်ကျိတ်ရှစ်ဆူ စေတီတော် ထီးတော်မြေခမှုကြောင့် ပြန်လည်ဆောင်ရွက်ရမည့် အခြေအနေများအား တာဝန်ရှိသူများက ဆရာတော်ထံ မေးမြန်းလျှောက်ထား၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ လေဘေးသင့် အိမ်ထောင်စု ၁၂ စုနှင့် ရပ်ကွက်၊ ကျေးရွာများရှိ လေဘေး သင့်အိမ်ထောင်စု ၅ စုအား နေရာအရောက်သွားရောက်ထောက်ပံ့ပေးခြင်း၊ စုစုပေါင်း အိမ်ထောင်စု ၁၇ စုတို့အား နယ်မြေခံတပ်နယ်ရှိ တာဝန်ရှိသူမှ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့် ပြည်သူ ၃၀ ဦးအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment