အမ်းမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းဆောင်ရွက်





MNP ၊ မေ  ၁၀

   ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အသိပညာ​ပေးဆောင် ရွက်ခြင်း နှင့်မုန်တိုင်းသတိပေးကြေညာခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် သောက်သုံးရေပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သောက်သုံးရေဖြန့်ဝေနိုင်ရေး အသင့်ကြိုတင်ပြင်ဆင်ထားရေးများကို ရပ်ကွက်များအတွင်းနှင့်မြို့နီးကျေးရွာများသို့လှည်လည်ကွင်း ဆင်းပြီး မြို့ပေါ်ရပ် ကွက် များအနေဖြင့် သ ဘာဝဘေး အန္တရာယ် မကျရောက်မှီကြို တင်ကာကွယ် ရေးအတွက်စုဆောင်းပြင် ဆင်ထားသင့်သည့် စွန့်ပြစ်ပစ္စည်းများဖြစ်သောရေသန့်ဘူးခွံအလွတ်များကြိုးဖြင့်ချဉ်နှောင် ၍သက်ကယ်ဘော အဖြစ်ဖြင့်၎င်း သောက်သုံးရေထည့်ရန်၎င်း၅ဂါလံ(ရေအပါ)ဆန့်ရေသန့်ဘူးများဂါလံဗူးများအားသက်ကယ်ဘောအဖြစ်လည်း ကောင်းသောက်သုံးရေထည့်ရန်အဖြစ်လည်းကောင်းအသုံးပြုနိုင်ပါကြောင်းနှစ်ဖက်ပိတ်ဝါးဆစ်ဝါးများအားသက် ကယ်ဘောအဖြစ်အသုံးပြုနိုင်ရေးအ တွက်ကြိုတင်စုဆောင်းထားရှိသွား နိုင်ရေးအသိပညာပေးသရုပ်ပြဟောပြောဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)