အစ္စရေးက ဂါဇာရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးက ဂါဇာရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံး



ဂျေရုဆလမ်၊ ဂါဇာ၊ မေ ၁၀ 

ဂါဇာကမ်းမြောင်ဒေသရှိ Palestinian Islamic Jihad (PIJ) လှုပ်ရှားမှု၏ စစ်ရေးပစ်မှတ်များကို အစ္စရေးတိုက်လေယာဉ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၀ ကျော်ထိခိုက်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။ 

အဓိကအားဖြင့်ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းနှင့် ဂါဇာစီးတီးရှိ Rafah မြို့နှင့် Khan Younis  မြို့များရှိ အဆောက်အဦများ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံနေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေး အရာရှိက ဆင်ဟွာသို့ပြောကြားသည်။ 

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ PIJ စစ်သွေးကြွများကို တိုက်ခိုက်သည့် "Shield and Arrow"စစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

စစ်တပ်နှင့် အထွေထွေလုံခြုံရေးဌာနတို့ ပူးပေါင်းစစ်ဆင်ရေးတွင်  “ဂါဇာမြောက်ပိုင်းရှိ PIJ တပ်မှူး၊ ဂါဇာကမ်းမြောင် West Bank ရှိ လှုပ်ရှားမှုများကို ညွှန်ကြားသော PIJ ခေါင်းဆောင် နှင့် PIJ စစ်ဘက်ဆိုင်ရာကောင်စီအတွင်းရေးမှူးတို့ကို ရှင်းလင်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ဆင်ရေးတွင် သေဆုံးခဲ့သည့် PIJ ခေါင်းဆောင် ၃ ဦးမှာ “လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးစေကြောင်း’’ အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ Daniel Hagari ကပြောသည်။ 


Ref - (ဆင်ဟွာ) 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)