Pages

Pages

အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံ၊ လမ်းမများ၌ လှည့်လည်နှိုးဆော်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူး ပေါင်းအဖွဲ့က ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်းများ ဖြစ်လာနိုင်သည့်အတွက် မိဘပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့်  နာမကျန်းဖြစ်နေသူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြပါရန်၊ အိမ်တိုင်းတွင်သောက်ရေပုံးများ အဆင်သင့်ဆောင်ထားကာ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး မုန်တိုင်းဒီရေမြင့်တက်၍ အသက်အန္တရာယ်နှင့် ကြုံတွေ့လာပါက အသက်ကယ်ပစ္စည်းအဖြစ် အသုံးပြုသွားကြရန်၊ ကမ်းနီးကမ်းဝေးရေယာဥ်များ အနေဖြင့်လည်း မုန်တိုင်းအန္တရာယ်အား ကြိုတင်သတိပြု ရှောင်ရှားနိုင်ကြပါရန်  အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment