ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ






MNP ၊ မေ  ၁၀

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့၊ နေ့လည်ပိုင်းက သင်္ဘောဆိပ်၊ လှေဆိပ်များ၊ မြို့မဈေးကြီးနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေခဲ့ကြသည်။


  ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်နိုင်ရန်၊ ဖြစ်ပွားနေစဉ် ဆောင်ရွက်ရန်နှင့် ဖြစ်ပွားပြီးချိန်၌ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။


  ထိုသို့ဖြန့်ဝေရာတွင် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပါဝင်တဲ့ လက်ကမ်းစောင်ရေ(၄၅၀)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။  


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)