ရွှေတောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ဘဏ္ဍရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ဘဏ္ဍရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ






MNP ၊ မေ  ၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက၂၀၂၃ - ၂၀၂၄ဘဏ္ဍရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။


 ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်မှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးဌာနဦးစီးမှူး ဒေါ်တင်တင်နွယ်က ၂၀၂၃ - ၂၀၂၄ဘဏ္ဍရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ခြင်းအခမ်းအနားနှင့်အကြောင်းအရာများကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။


 အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း အင်အား ( ၁၄၈) ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနများနှင့် ၊ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ၂၀၂၃ - ၂၀၂၄ဘဏ္ဍရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်လွှာများပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)