Pages

Pages

ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ မေ  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊တောင်လုံးညို အ-မ-ကကျောင်းတွင် ယနေ့ နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအသက်မွေးဝမ်းကျောင်းအထောက်အကူပြု ခေါင်းလျှော်ရည်၊ ဆပ်ပြာချက်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။


     အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီးရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးသူက ထပ်ဆင့် အမှာစကားပြောကြား သည်။ 


ဆက်လက်၍ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန ယက္ကန်းနှင့်အသက်မွေးဝမ်း ကျောင်းသင်တန်းနည်းပြ ဆရာမ ဒေါ်ဝင်းလဲ့နွယ်က  သင်တန်းအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။


      ထို့နောက် လက်တွေ့သင်တန်းပို့ချနေမှုများကိုပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းနှင့်အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား / သူ ( ၂၀) ဦးတက်ရောက်၍သင်တန်းကာလ( ၅ ) ရက်တာပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment