တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင်ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများအား လိုင်စင်လျှောက်ထားရန် အသိပေးထုတ်ပြန်


MNP ၊ မေ ၉  

ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု အတွင်း၌  လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေကာ တရားမဝင် ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။ 

မူလရည်ရွယ်ချက်မှာ လူပုဂ္ဂိုလ်လုံခြုံရေး အတွက်ဖြစ်သော်လည်း လက်နက်ခဲယမ်းများ လက်ဝယ်ရှိနေချိန်တွင် လူ၏စိတ်သည် အချိန် မရွေး ပြောင်းလဲသွားနိုင်ပြီး တရားမဝင် ကိုင်ဆောင်ထားခြင်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် တစ်လွဲ အသုံးပြုမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ဥပဒေနှင့်လည်း ညီညွတ်မှုမရှိကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်း ပပျောက်စေရေးနှင့် လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျ လိုင်စင်ထုတ်ပေးရေးကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားသည့်အခါ လျှောက်ထားသည့် သေနတ်အား မည်သို့မည်ပုံ ရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည် မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်ခဲယမ်းနှင့်တကွ အပ်နှံလျှောက်ထား ရမည်ဖြစ်ကြောင်း၊ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားမှုအပေါ် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူနှင့်အညီ စိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ သီးခြားထုတ်ပြန်ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံ၍ လိုင်စင်လျှောက်ထားခြင်း မရှိပါက ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က အသိပေးထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)