အိမ်ရှင် ကမ္ဘောဒီးယားကို ၂ဂိုး ပြတ်အနိုင်ရခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့် ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကစားသွားမည်ဟု အသင်းနည်းပြချုပ် မိုက်ကယ် ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်ရှင် ကမ္ဘောဒီးယားကို ၂ဂိုး ပြတ်အနိုင်ရခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့် ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကစားသွားမည်ဟု အသင်းနည်းပြချုပ် မိုက်ကယ် ပြောဆို





MNP ၊ မေ ၇

၂၀၂၃ ဆီးဂိမ်းစ် အမျိုးသားဘောလုံး အုပ်စု(က)ပွဲစဉ်အဖြစ် မြန်မာနှင့်ကမ္ဘောဒီးယားတို့ ယနေ့ ဒေသစံတော်ချိန် ည(၇)နာရီက ဖနွမ်းပင်မြို့ အိုလံပစ် အမျိုးသား အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာက အိမ်ရှင် ကမ္ဘောဒီးယားကို ပထမပိုင်း သွင်းဂိုးများဖြင့် (၂-ဝ)ဂိုး အနိုင်ရရှိခဲ့သည်။ မြန်မာအသင်းအတွက် ပွဲချိန် ၁၂ မိနစ်တွင် ဟိန်းထက်အောင်၊ ပွဲချိန် ၃၈ မိနစ်တွင် သက်ဟိန်းစိုးတို့က အနိုင်ဂိုးများ သွင်းယူပေးခဲ့ကြခြင်း ဖြစ်ပြီး ယနေ့ပွဲ အနိုင်ကြောင့် ရမှတ်(၆)မှတ်ဖြင့် အုပ်စု ဒုတိယ နေရာတွင် ရပ်တည်လျက်ရှိသည်။


” ဒီနေ့ပွဲ အနိုင်ရလဒ် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေ အားလုံးရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ ပထမပိုင်းမှာ ကစားပုံ အရမ်းကောင်းခဲ့ပြီး ဂိုးလည်းရခဲ့သလို ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို စနစ်တကျ ထိန်းပြီး ကစားနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်တက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလို ကျွန်တော်တို့ ကစားသွားမှာပါ။ ဖိလစ်ပိုင်အသင်းကလည်း အမှတ် အလကားပေးမှာ မဟုတ်ဘူး။ သူတို့ ဖိအားမရှိဘဲ ကျွန်တော်တို့ကို ကစားမှာပါ။ ကျွန်တော်တို့မှာတော့ နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအား ရှိနေပါတယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ တစ်ပွဲခြင်း သေချာစွာနဲ့ ချဉ်းကပ်ပြင်ဆင်ဖို့က အရေးကြီးပါတယ်။ ဖိလစ်ပိုင်ကို အနိုင်ရရှိမှသာ အိမ်ရှင်နဲ့ အင်ဒိုနီးရှားတို့ ပွဲကို စိတ်ချလက်ချ ထိုင်ကြည့်နေလို့ရပြီ။ အနိုင်မရခဲ့ရင်တော့ အိမ်ရှင်အသင်းရဲ့ ပွဲစဉ်ကို စောင့်ကြည့်နေရပါဦးမယ်။” ဟု မြန်မာ ယူ၂၂ အသင်းနည်းပြချုပ် မိုက်ကယ်က ပြောကြားထားသည်။


” ဒီနေ့ပွဲ အနိုင်ရရှိလို့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အားလုံး နည်းပြကြီး မှာကြားထားသလို ကစားနိုင်ခဲ့တယ်။ ပထမပိုင်း ကစားပုံ သိပ်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ကျွန်တော်တို့ အိမ်ရှင်အသင်း ချေပဂိုးရဖို့ ကြိုးစားတာကို စနစ်တကျ ဟန့်တားနိုင်ခဲ့တယ်။ ဒီပွဲ အနိုင်အတွက် ပျော်ပါတယ်။ အုပ်စုတက်ဖို့ ဖိလစ်ပိုင်နဲ့ပွဲစဉ်ကို ကြိုးစားပြီး ယှဉ်ပြိုင်သွားပါမယ်” ဟု ယနေ့ပွဲအတွက် သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့သည့် ဟိန်းထက်အောင်က မီဒီယာများအား ဖြေကြားခဲ့သည်။


မြန်မာ ယူ၂၂ အသင်းသည် ဆီမီးဖိုင်နယ်တက်ရန် အရေးကြီး ပွဲစဉ်ဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲစဉ်အား လာမည့် မေလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ နာရီ Smart RSN Stadium ကွင်းတွင် အိမ်ရှင် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား ပွဲစဉ်နှင့်အတူ တစ်ချိန်တည်း ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)