Pages

Pages

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသင့်ပြင်ဆင်ဆောင်ရွက်ထား



MNP ၊ မေ  ၁၁

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့်သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက သဘာဝ‌ဘေးအန္တရာယ်ကျရောက်ပါက အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ စက်ယန္တရားများ၊ ယာဉ်များအားလှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှု‌ရေးအသင်းအဖွဲ့များအနေဖြင့် အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အသင့်ဖွဲ့စည်းတာဝန်ပေးထားခြင်းနှင့် လိုအပ်မည့်ပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှုဖြင့် သရုပ်ပြခြင်းများဆောင်ရွက်နေကြောင်း သိရသည်။


ကျော်သူရ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment