ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ဒညင်းသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ဒညင်းသီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိ


MNP ၊ မေ  ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သော ဒညင်းပင်များမှ လူကြိုက်များသည့် ဒညင်းသီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


 "ဒီမြို့အနီးတစ်ဝိုက်မှာဆိုရင် ဒညင်းပင်စိုက်ပျိုးသူ အများအပြား ရှိပါတယ်။ ဒညင်းပင်ဟာ ဆိုရင် နှစ်ရှည်ပင်ဖြစ်ပြီး အရိပ်လည်းရကာ အပင်များကိုပြုစုရန် သိပ်မလိုတော့ စိုက်ပျိုးသူများက မပင်ပန်းကြပါဘူး။ ဒီနှစ်တော့ ဒညင်းသီးများ ဈေးကောင်းရပါတယ်။ ဒညင်းသီးစပေါ်ချိန်ဆိုရင် တစ်လုံး(၃၀)ကျပ်မှ (၅၀) ထိရပါတယ်။ လှိုင်လှိုင်ပေါ်ချိန်ဆိုရင်တော့ ဒညင်းသီးအလုံး(၄၀)ကို (၁၀၀၀)ကျပ်ရရှိပါတယ်။ ကျန်းမာရေးနှင့် မညီညွတ်ပေမယ့် လူကြိုက်များသည့် အစားအစာ တစ်မျိုးဖြစ်တာကြောင့် တစ်ပတ်တစ်ခါ ပုံမှန်ဝင်ငွေ ရရှိပြီး အဆင်ပြေကြောင်း" ဒေသနေ ပြည်သူတစ်ဦး၏ပြောပြချက်အရသိရသည်။


ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ အိမ်ခြံဝင်းများနှင့် တောတောင်များတွင် အရိပ်လည်းရ အပိုဝင်ငွေရရှိသော နှစ်ရှည်ပင်ဒညင်းပင်များကို အများအပြား စိုက်ပျိုးကြရာ ဒညင်းသီးပေါ်ချိန်တွင် ခူးဆွတ်၍ မိမိတို့၏နေအိမ်ခြံရှေ့များတွင် ရောင်းချခြင်း၊ လှိုင်းဘွဲမြို့၊ မြိုင်ကြီးငူအထူးဒေသတို့မှ ဖောက်သည်များက လာရောက်ဝယ်ယူကြရာ ဒညင်းသီးများ ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ဒညင်းသီးကို ပြုတ်၍ သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ဆားရေစိမ်၍သော်လည်းကောင်း ဒေသနေပြည်သူအများစု နှစ်ခြိုက်စွာစားသုံးသည့် ရာသီစာ အသီးအနှံတစ်မျိုးဖြစ်‌ကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)