MNP ၊ မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မေတ္တာကျေးရွာရှိ သံဃာတော် များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့များက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ နယ်လှည့်ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၀၀ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဝမ်းပျက်/ ဝမ်းလျောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က ရွှေသင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေး အဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၁၆၆ ဦးတို့ကို ဖျားနာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက် ပေးခြင်းအပြင် ECG စက်ဖြင့်နှလုံးသွေးကြောရောဂါ စမ်းသပ်စစ်ဆေး ခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment