ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် စစ်တွေမြို့ရှိ နယ်မြေခံရေတပ်စခန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် စစ်တွေမြို့ရှိ နယ်မြေခံရေတပ်စခန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း





MNP ၊ မေ ၂၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် သည် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ နယ်မြေခံ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်ရှိ နယ်‌မြေခံ ရေတပ်ဆိပ်ခံတံတားအား ကြည့်ရှုစစ်ဆေးခြင်း၊ မိုးရေစုကန်များတွင် ပင်လယ်ရေဝင်ရောက်မှုအား ရေစုပ်စက်များဖြင့် စုပ်ထုတ်နေမှုအခြေအနေကို သွား ရောက် စစ်ဆေးခြင်း၊ မင်းဂံကမ်းထိုးရပ်အား ကြည့်ရှုစစ်ဆေးခြင်း၊ နယ်မြေခံဗျူဟာ စစ်ရေယာဉ်စု၊ ကွပ်ကဲမှုဌာနချုပ်တို့ရှိ အဆောက်အဦ များ၊ မိသားစုလိုင်းခန်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ အိမ်ထောင်သည်ရဲမေများ အား တွေ့ဆုံအားပေးစကား ပြောကြားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ အသားဘူးများနှင့် ခေါက်ဆွဲ ခြောက်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ 

ထို့နောက် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်တွင် ဌာနချုပ်မှူး က မိုခါ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုအခြေအနေ၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှု အခြေအနေ၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ တင်ပြ ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)မှ အဆောက်အဦများအား ဦးစားပေးအဆင့်သတ်မှတ် ကာ စနစ်တကျ ပြင်ဆင်တည်ဆောက်သွားရန်၊ ယခုအချိန် တွင်မုန်တိုင်းဒဏ်ကြောင့် အပင်အများစုပျက်စီးပြိုလဲပြီး အပူချိန်မြင့်တက်လျက်ရှိ သည့်အတွက် မိုးလေဝသနှင့် ရာသီဥတုမှန်ကန်ကောင်းမွန်စေရန် သစ်ပင်များရှင်သန် ဖြစ်ထွန်းရေးသည် အရေးကြီး သဖြင့် ယခုမိုးတွင်းကာလတွင် ကြိုတင်စုဆောင်းထား ရှိသော အရိပ်ရလေကာပင်များ၊ အုန်းပင်၊ ပင်လယ်ကဗွီးပင်များအား လေတိုက်ရာ အရပ်မျက်နှာအလိုက် စနစ်တကျ နေရာချ စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ထပ်မံလိုအပ်မည့်ပျိုးပင်များ အား စစ်ရေယာဉ်များဖြင့် ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်အဖွဲ့သည်  နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်ဝန်း ခြံစည်းရိုးပျက်စီးမှုများနှင့် ကပ်လျက်ရှိသော ကမ်းနားလမ်းတစ်လျှောက် ပြိုကျပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ESSAR တံတားသို့သွားရောက်ပြီး တပ်မတော်(ရေ)မှကမ်းထိုးရေယာဉ်များဖြင့် မြောက်ဦး မြို့သို့ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)