ရွှေတောင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP ၊ မေ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးခန်းမတွင်  ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်  သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။


          အဆိုပါ သန်းခေါင်စာရင်းယူနစ်များ Census Units ရေးဆွဲခြင်းလုပ်ငန်းကို ပြည်ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲနောင်၏ ကြီးကြပ်မှုဖြင့်  ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ ၁၀ ရက်နေ့မှစတင်၍ ပြည်သူ့အင်အားဦးစီးဌာန (ရုံးချုပ်)မှ ပညာရှင်ဝန်ထမ်းများက ခရိုင်၊ မြို့နယ် လဝက ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရာအိမ်မှူးများ ပူးပေါင်း၍ စာရင်းကောက်ယူရမည့်ဒေသများ၊ လူနေထိုင်သော အိမ်ထောင်စုများ ထပ်ခြင်း၊ ကျန်ခြင်း မရှိစေရန်အတွက် နယ်နိမိတ်တိကျမှန်ကန်သည့် စာရင်းကောက်ကွက်များဖြင့် ပိုင်းခြားသတ်မှတ်နိုင်ရန် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


      ထိုသို့  ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြည်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ခရိုင်ဦးစီးမှူး ဦးရဲနောင် ၊  မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့်ဝန်ထမ်းများ ၊ ရွှေတောင်မြို့ပေါ်ရှိ ကြာနီကန်ရပ်ကွက်၊သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရာအိမ်မှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)