MNP ၊ မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ၊စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဆရာမကြီး ဒေါ်ခင်ယုနိုင် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က လစဥ်မုဒိတာ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည် ။
ထို့နောက် စာရေးဆရာ မောင်မင်းစိုး ရေးသားသော "လူငယ်နဲ့ အပြောင်းအလဲ "စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ "လူတွေဖန်တီးပြုလုပ်တဲ့ ပျက်စီးရာပျက်စီးကြောင်း စွမ်းအားပြင်း လက်နက်တွေထဲမှာ ကြောက်စရာအကောင်းဆုံးနဲ့ သတ္တိအကြောင်ဆုံးကတော့ "စကားလုံး"ပဲဖြစ်ပါတယ်"စာအုပ်ပါသိမှတ်ဖွယ်ရာဗဟုသုတများ၊ရသတို့ကို ဆရာကြီး ဦးအုန်းမောင်နှင့် "လူငယ်နဲ့ ပရဟိတစိတ်ဓာတ် ခေါင်းစဉ်ပါ "သူတစ်ပါးအကျိုးကို လုပ်ဆောင်တာဟာလည်း ကိုယ့်အကျိုး အတွက် အားကောင်းတဲ့အထောက်အပံ့ကောင်း တစ်ခု ဖြစိပါတယ်" ဆိုသော အကြောင်းအရာကို ဆရာကြီး ဦးမြင့်ဦးတို့က ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်စာပေချစ်သူ လူငယ်မောင်မယ်များကအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့်တက်ရောက်လာသူ များအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ်စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment