MNP ၊ မေ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများကို ယနေ့ နံနက် ၉ နာရီ အချိန်က အောင်တပ် ရပ်ကွက် မြို့တော်ခန်းမ၌ ကာကွယ်ဆေးများအား မြို့နယ်ပြည် သူ့ကျန်း မာရေးဦးစီးဌာန ကျန်း မာရေးဝန်ထမ်းများမှ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးအိုမီခ ရွန်မျိုးကွဲသစ် (XBB.1.16) သည် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပျံ့လျှက်ရှိရာ လာမည့်သီတင်းပတ်တွင် ကူးစက်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၊ သတိပေးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ပြည်သူများအား တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ် အဖြစ်လည်းကောင်း၊ စတုတ္ထ အကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ် ကာကွယ်ဆေးထိုးနှံ ရန်ရောက်ရှိ လာ သူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်း ညွှန် ချက် များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေး ခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်း များ ဆောင်ရွက်ပေးခြင်း နှင့်ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီး သူများ အား မိနစ် ၃၀ ခန့် အနား ယူစေရန် သက်ဆိုင်ရာဌာနများမှ ကူညီစီစဉ်ဆောင်ရွက်ပေး လျှက်ရှိပြီး ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment