မအီမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် နှင့် ပဉ္စမအကြိမ်ထိုးနှံပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် နှင့် ပဉ္စမအကြိမ်ထိုးနှံပေးလျှက်ရှိ





MNP ၊ မေ  ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ ကာကွယ်ဆေးထိုးအကြိမ်ရေ ပြည့်မီစေရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့အမှတ်(၂)ရပ်ကွက်၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


ထို့နောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ၏ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးအိုမီခ ရွန်မျိုးကွဲသစ် (XBB.1.16) သည် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ပျံ့လျှက်ရှိရာ လာမည့်သီတင်းပတ်တွင် ကူးစက်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၊ သတိပေးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ပြည်သူများအား တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ် အဖြစ်လည်းကောင်း၊ စတုတ္ထ အကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ် ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာ သူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေခြင်း စသည့် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျှက်ရှိသည်။


ဆက်လက်၍လည်း မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံစေနိုင်ရေးအတွက် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)များနှင့် ပေါင်းစပ်၍ အလားတူကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)