Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌဟောင်း Mr. KHALDON AZHARI နှင့် တွေ့ဆုံဆွေးနွေး



MNP ၊ မေ ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြား သတင်းထောက်များအသင်း (Foreign Correspondent Club of Japan-FCCJ) ၏ ဥက္ကဋ္ဌဟောင်း Mr. KHALDON AZHARI နှင့် ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေမှု၊ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာမီဒီယာများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment