MNP ၊ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း အဆင့် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေက ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားရေးအတွက် စီမံဆောင်ရွက်ထာားရှိမှု များကို ရှင်လင်းပြောကြားခဲ့ပြီး ပညာရေးမှူးများကိုယ်စား ဟင်္သာတခရိုင် ပညာရေးမှူးဆရာကြီး ဦးတိုးဝင်းက သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များအား သေချာစွာသင်ယူ၍ မိမိတို့ တာဝန်ကျရာ နယ်မြေဒေသများတွင် ဆင့်ပွား ပြန်လည်ပို့ချပေးရန်၊ သင်တန်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်သင်ယူရန်စသည်ဖြင့် ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်ပါမက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ စုစုပေါင်း အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment