နမ့်ဆန်မြို့နယ်တွင် Grade – 9 အောင်ကျောင်းသား/ကျောင်းသူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက် သင်ကြားနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့နယ်တွင် Grade – 9 အောင်ကျောင်းသား/ကျောင်းသူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက် သင်ကြားနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ



MNP ၊ မေ  ၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်း Grade-9 အောင်မြင်သော ကျောင်းသား/သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက်ပညာသင်ကြားနိုင်ရန်အတွက် ယမန်နေ့မွန်းလွှဲ(၂)အချန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်သင်ကြားသော ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးများအား ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ဒေသမွေးမြူရေးဦးစီးဌာနမှူး ဒေါက်တာမြခဲနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ချောစုထွေးတို့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက်ပညာသင်ကြားနိုင်ရေး တွေ့ဆုံရှင်းလင်းရခြင်း ရည်ရွယ်ချက်များဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးမွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကိုအထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်သော ကျောင်းသား /ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာဖြစ် လမ်းသွယ်များဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့်ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးကျွမ်းကျင်လုပ်သားများ (Skilled Workers) ပြုစုပျိုးထောင်ပေးရန် စသည့်ရည် ရွယ်ချက်မျာ၊ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆောင်ရွက်မည့်အစီအစဉ်များ၊ ကျောင်းသား/ကျောင်းသူ ခေါ်ယူမည့်အစီအစဉ်များ၊ သတ်မှတ်အရည်အချင်းများ၊ ပေးအပ်မည့်အောင်လက်မှတ်များအကြောင်း၊ စာသင်နှစ်အလိုက် သင်ကြားပို့ချမည့် ဘာသာရပ်နှင့်စာသင်ချိန်များ၊ အထက်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ကျောင်းသူများပညာသင်နိုင်မည့် အခွင့်အလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို တက်ရောက်လာသော ရပ်ကွက်/ကျေးရွာစာရေးများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)