ကော့ကရိတ်မြို့အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံး



MNP ၊ မေ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ကွက်သစ်(၃)လမ်းတွင် နေထိုင်သူ ဦးဖိုးကျား(ဘ)ဦးမောင်နိုင်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မြတ်ထွေး(ဘ)ဦးမြင့်ဦး တို့သည် မော်တော်ဆိုင်ကယ်ဖြင့် မြို့တွင်းသို့သွားရောက်ရန် ပြင်ဆင်နေစဉ် ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တောင်ကြားကျေးရွာဘက်မှ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုရာ ၎င်းတို့၏ နေအိမ်ရှေ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ရုပ်အလောင်းများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)