MNP ၊ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မုန်းတိုင်းဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် Map Fighting လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဘေးအန္တရာယ် ကျရောက်သော နေရာများအား အနှင့်တပြေးညီ သွားရောက်ကူညီကယ်ဆယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ် တပ်ဖွဲ့ဝင်များက မုန်းတိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး Map Fighting လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment