စစ်ကိုင်းတိုင်းဒေသကြီး စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်တချို့တွင် ဖမ်းဆီးရမိအကြမ်းဖက်သမားတချို့ (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်တချို့တွင် ဖမ်းဆီးရမိအကြမ်းဖက်သမားတချို့ (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်အသီးသီးချမှတ်




MNP ၊ မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်တချို့တွင် ဖမ်းဆီးရမိအကြမ်းဖက်သမားတချို့အား စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်များ ချမှတ်ခဲ့ရာ ၂၅-၅-၂၀၂၃ ရက်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မိမိကိုယ်တိုင် CDM ပြုလုပ်ကာ အစိုးရဝန်ထမ်းများအား CDM ပြုလုပ်ရန် ဆူပူလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ကျော်ထက်အောင် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က (ဂ) အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။


ရေဦးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေသူ တရားခံ ချိုအေးမာ(ခ) ပိုးတီ အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(က) အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ ကြောင်း သိရသည်။


ဆောမြို့နယ်တွင် နေထိုင်၍ အကြမ်းဖက်အုပ်စုတွင် ပါဝင်ပြီး ဗုံးခွဲတိုက်ခိုက်မှုကျူးလွန်ရန် ပေါက်ကွဲစေတတ်သော လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူ တရားခံ ရာဇာအောင် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ ကြောင်း သိရသည်။


၂၆-၅-၂၀၂၃ ရက်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုများအတွက် အများပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မတောင်းခံပြီး အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ လုပ်ဆောင်ချက်များကို သိရှိပါလျက် သတင်းပိုရန် ပျက်ကွက်ခဲ့သူ တရားခံ ဇာနည်လတ်(ခ)ဇာနည် အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့်စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၂(ခ) အရ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။


စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၀၅) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)