ပုဏ္ဏားကျွန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ပဉ္စမအကြိမ် ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း ပဉ္စမအကြိမ် ဆက်လက်ထိုးနှံ






MNP ၊ မေ  ၈

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိသားစုဝင် များအား စတုတ္ထအကြိမ်ထိုးနှံပြီးစီး၍ ခြောက်လပြည့်သူများကို ယနေ့၊ နံနက်(၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ပဉ္စမ အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


  ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲသစ်(XBB.1.16)ကူးစက်ဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို စတုတ္ထအကြိမ်ထိုးနှံပြီးစီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား စာရင်းကောက်ယူပြီး ပဉ္စမအကြိမ်အဖြစ် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးအားထိုးနှံပေးခဲ့သည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ အများသူငှာ ရုံးပိတ်ရက်များနှင့်စနေ၊ တနင်္ဂနွေနေ့ ရက်များမှအပ ကျန်းနေ့ရက်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် နေ့စဉ်ထိုးနှံပေးလျက်ရှိရာ မေလ ၅ ရက်နေ့က နိုင်ငံဝန်ထမ်းနှင့်မိသားစုဝင် ၁၂၀ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)