ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ စစ်တွေ၊ ကိုးကိုးကျွန်းမြို့များ၌ လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ စစ်တွေ၊ ကိုးကိုးကျွန်းမြို့များ၌ လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံး












MNP ၊ မေ ၁၄

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre - DMC)ကို မေလ ၈ ရက်နေ့တွင်စတင် ဖွဲ့စည်းခဲ့ကာ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့်ဒေသများကို စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ကြိုတင်ပို့ဆောင်ထားခဲ့ပြီးဖြစ်သည်။


ယခုအခါ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိကာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ၎င်းဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် သံတွဲလေဆိပ်ရှိ နားနေဆောင်အဆောက်အဦများ ပျက်စီးခြင်း၊ ဂွမြို့နယ်၊ ရွှေဥကွင်းကျေးရွာ၌ ထရန်စဖော်မာများ ပျက်စီးခြင်း၊ စစ်တွေ့မြို့၌ လူနေအိမ်များ၊ အဆောက်အဦများနှင့် သစ်ပင်များပျက်စီးခြင်း၊ ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ကမ်းစပ်ရှိ မော်တော်ဘုတ်များ၊ လူနေအိမ်များ၊ လမ်းမီးတိုင်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုးကိုးကျွန်း၌ အားကစားကွင်းရှိ အဆောက်အဦများ အမိုးများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။


အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိသည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)