ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်



MNP ၊ မေ ၃၁

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်း ဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ်တစ်စီးသည် ရေသန့် ၄၀၀ ကဒ်၊ ရိက္ခာထုပ် ၅၀၀ ထုပ်၊ ဒီဇယ် ၉ လုံး၊ ဓာတ်ဆီ ၄ လုံး၊ တာပေါ်လင် ၁၀×၃၀ ချပ် ၁၆၀ ချပ်၊ ပစ္စည်း(၁၄)မျိုးပါ ကော်ပုံး ၂၄ ပုံး၊ ပစ္စည်း(၂)မျိုးပါဆာလာအိတ် ၂၄ အိတ်၊ ၂၀ လီတာ ရေသန့်ဗူး ၂၄ ပုံး၊ ကြိုးခွေ ၁၀ ခွေ၊ 2D ၁၀၄ ဗူး၊ ပေါက်ပြား၊ ပေါက်ချွန်း၊ ချိန်းဇော၊ ရဲဒင်း၊ ဂေါ်ပြား၊ ဓား စသည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးပစ္စည်းပုံး ၃ ပုံး၊  drip ဗူးပါဆာလာအိတ် ၂ အိတ်၊ ဆေးပေါင်းစုံဖာ ၁ ဖာ၊ မိုးကာလိတ် ၂၀ လိတ်၊ ဖော့ဗူး ၆၀၀ ဗူး၊ ဆန် ၁၉၁ အိတ်၊ ဝေဖာဘီစကစ် ၁၅ ဖာ၊ သွားတိုက်ဆေး ၉၇ ဖာ၊ ဆီသွပ်ဗူး ၆ ဗူး၊ ကြက်ဥ ၁၀၀၀ လုံး၊ မိုးကာစ ၃ ထုတ်၊ ဖိနပ်အထုပ်ကြီး ၃ ထုပ် စုစုပေါင်းကုန်တန်ချိန် ၃၄ တန်တို့အား ရေချမ်းပြင် ကမ်းထိုးရပ်၌ တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရသေ့ တောင်ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။


အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)