Pages

Pages

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့များ၏ သြဇာခံ PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာ ရိုင်းစိုင်းသော လုပ်ရပ်များ



MNP ၊ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ယမန်နေ့က PDF အကြမ်းဖက်သမားများ၏ Drone ဖြင့် ရမ်းသမ်း ပစ်ချမှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်း အဖျက်အမှောင့် လုပ်ဆောင်နေသော PDF အကြမ်းဖက်သမားများက ဝက်လက်မြို့၊ အမှတ်(၁)ရပ်ကွက်အား Drone ဖြင့် ဗုံးများ ချိတ်ဆွဲ၍ ရမ်းသမ်း ပစ်ချခဲ့ပြီး ၎င်းရပ်ကွက်ရှိ နေအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦးမှာ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဒေသခံများက ဝက်လက်မြို့ ပြည်သူ့ဆေးရုံသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဒါန်းပင်ကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ဒါန်းပင်ကျေးရွာတွင် နေထိုင်သော အပြစ်မဲ့ပြည်သူ ၂ ဦးသည် လယ်ရေသွင်းရန် ၎င်းကျေးရွာရှိ ကြောင်ဖားချောင်းအနီး အရောက်၌ PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကန့်ဘလူမြို ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။


ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာအနီးတွင် ယမန်နေ့ နေ့လည်ပိုင်းက PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး မိုင်းစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာတွင် ရိုးသားစွာ လုပ်ကိုင်စားသောက်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၃ ဦးသည် ၎င်းကျေးရွာအနီး နွားများကျောင်း၍ ပြန်လာစဉ် PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး လူမှုကူညီရေးယာဉ်ဖြင့် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment