Pages

Pages

နမ့်ဆန်မြို့နယ်တွင် Oxygen Plant ကြီးကြပ်မှုကော်မတီ စည်းဝေးပြုလုပ်


MNP ၊ မေ  ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့နံနက်(၁၀)နာ ရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ မြို့နယ် အောင်ဆီဂျင်စက်ရုံ (Oxygen Plant) ကြီးကြပ်မှုကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က မြန်မာနိုင်ငံ၏ အခြားမြို့နယ်များတွင်  Covide-19 ရောဂါပြန်လည် ဖြစ်ပွားလာပြီဖြစ် သဖြင့်မိမိတို့ဒေသတွင် မဖြစ်ပွားစေရေးအတွက် ကြိုတင်ပြင်ဆင်လိုသည့် အရာများပြင်ဆင်ပြီး Oxygen လိုအပ်လာပါက ထုတ်ယူသုံးဆွဲနိုင်ရေး Oxygen များ ကြိုတင်ဖြည့်ဆည်းထားရန် ပြောကြားခဲ့သည်။


ဆက်လက်၍ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စံဒီးက စက်ရုံထိန်းသိမ်းထားရှိမှု အခြေအနေကိုတင်ပြခြင်း၊ အတွင်းရေးမှူး ဦးလှရွှေက စက်ရုံရံပုံငွေစာရင်း ရှင်းတမ်းတင်ပြခြင်းနှင့် စက်ရုံတာဝန်ခံ ဦးခင်မောင်က (၂) နှစ်တာကာလအတွင်း Oxygen 10L. 15L. 40L အိုးပေါင်း(၂၂၇၁) ထုတ်လုပ်ပြီး(၂၃၉၈) လုံးဖြန့်ဝေပေးကာ ယနေ့အထိ စက်ရုံတွင် Oxygen ဖြည့်ပြီးထားသော အိုးပေါင်း(၁၄၅)လုံး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်သော လူနာများ ရှိလာပါက အချိန်မရွေး ထုတ်ပေးသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။


ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီး၊ လူမှုရေးအသင်းအဖွဲ့များက အကူအညီ လိုအပ်သူများအား အချိန်မီဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းကာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို နေ့လည်(၁၂)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment