လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်ပြီး ဆုကြေးငွေများချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်ပြီး ဆုကြေးငွေများချီးမြှင့်



MNP ၊ မေ ၁၀

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်းသင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအားပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ ထို့သို့ပြုလုပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်း ခန်းမ၌ မိဘအုပ်ထိန်း သူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်နယ်မှတာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် အလင်းဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသော  BAREDDA အမျိုးအစား ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၂ လက်နှင့် ခဲယမ်းများအား  အပ်နှံ ကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး (လက်နက်များအတွက် ဆုကြေးငွေ) ထောက်ပံ့ငွေများ ပြန်လည်ပေးအပ် ကြသည်။

ယင်းနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် အောင်မြေ သာစံမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ ချင်းပြည်နယ်၊ ဂန့်ဂေါ မြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးတို့ကို တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြ သည်။

PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ ပါရှိသူများကိုလည်း ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အစိုးရကထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)