မုံရွာမြို့ အနီးဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက ဂိတ်ဖွင့်၍ ဆက်ကြေးတောင်းခံမှုများ ရှိနေကြောင်း ဆက်သွယ်ပြောဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ အနီးဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက ဂိတ်ဖွင့်၍ ဆက်ကြေးတောင်းခံမှုများ ရှိနေကြောင်း ဆက်သွယ်ပြောဆို


MNP ၊ မေ ၂၈

မုံရွာမြို့ အနီးဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက ဂိတ်ဖွင့်၍ ဆက်ကြေးကောက် တောင်းရမ်း လုယက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း  အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။

အမည်မဖော်လိုသူက "ကျွန်တော်တို့က နာမည်ထွက်လို့ မရဘူးအကိုရ။ တချိန်ကတော့ NLD ကို အားပေးခဲ့ပါတယ်။ PDF တွေ အခုလိုလုပ်နေတာတော့ ကိုယ့်လယ်ထဲ ယာထဲတောင် ရဲရဲဝံ့ဝံ့မထွက်ရဲဘူး။ PDF က ပိုက်ဆံတောင်းတယ်။ အဆင်မပြေဖြစ်ရင် သတ်တယ်။ ဘယ်လိုလုပ်ထွက်လို့ရမလဲဗျာ။ အဲဒါ မြို့နဲ့ အဝေးကြီးမဟုတ်ဘူးနော်။ မြို့နဲ့ အလွန်ဆုံးကွာ ၂မိုင်ပဲ။ အဲဒါကိုလည်း သိရဲ့သားနဲ့ မရှင်းကြဘူးဗျာ။ ကျွန်တော်တို့က နှစ်ဖက်ကြောက် ကြောက်နေရတာ။ ဘယ်သူ့မှမပြောရဲဘူး ဖြစ်နေတာ။" ဟု ဆက်သွယ်ပြောဆိုသည်။

ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ လုပ်ငန်းခွင်သို့ လွတ်လပ်စွာ သွားလာလုပ်ကိုင်နိုင်ခြင်း မရှိသောကြောင့် PDF အကြမ်းဖက် လူယုတ်မာ လူရမ်းကား လူ့မိစ္ဆာများကို ရှင်းလင်းဖယ်ရှားပေးစေလိုသောကြောင့် ဆက်သွယ်ပြောဆိုခြင်း ဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)