မုံရွာမြို့နယ်အတွင်းရှိ PDF အကြမ်းဖက်စခန်း ၂ခု ရှင်းလင်းဖယ်ရှား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့နယ်အတွင်းရှိ PDF အကြမ်းဖက်စခန်း ၂ခု ရှင်းလင်းဖယ်ရှား၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ





MNP ၊ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာများအနီး PDF အမည်ခံ အကြမ်းဖက်သမားအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်း နေထိုင်လျက် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေး ကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှု မရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ် လျက်ရှိကြောင်း နယ်မြေခံ ပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးအဖွဲ့ဝင်များမှ ကြေးမုံကျေးရွာအနီးသို့ ယနေ့ နံနက် ၈ နာရီတွင် ဝင်ရောက်ရှင်းလင်း မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် PDF အမည်ခံ အကြမ်းဖက်စခန်း ၁၀ ပေပတ်လည်တဲ (ထန်းလက်မိုး/ထန်းလက်ကာ) ၃ လုံး။ အလျား ပေ ၂၀ ၊ အနံ ၁၅ ပေခန့်ရှိတဲ (မိုးကာမိုး၊ ထန်းလက်ကာ၊ ဝါးခင်း) ၁ လုံး။ အလျား ပေ ၂၀ ၊ အနံ ၁၅ ပေခန့်ရှိတဲ(ထန်းလက်မိုး /ကာ၊ ဝါးခင်း) ၁ လုံး။ - ၁၀ ပေပတ်လည်တဲ(မိုးကာမိုး/ကာ၊ ဝါးခင်း) ၂ လုံး။ - ၁၀ ပေပတ်လည်တဲ(ထန်းလက်မိုး) ၁ လုံး။ လက်လုပ်သေနတ်အရှည် ၃ လက်။ လက်လုပ်သေနတ်အတို ၃ လက်။ လက်လုပ် ၄၀ မမ ၁ လက်။ လက်လုပ်စိန်ပြောင်း ၅ လက်။ လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံး။ လက်လုပ်လက်ပစ်ဗုံး ၁ လုံး။ ယမ်းမဲ ၂၀ ပိဿာခန့် ၁ ထုပ်။ ဒီတိုနေတာ ၅ဝ ချောင်း။ အရှည်ပေ ၁၀၀ ခန့်ရှိ နိုင်လွန်ကြိုး ၁ ခွေ။ ၁၂ ဗိုဘတ္ထရီ  ၂ လုံး။ Dell အမျိုးအစားလက်တော့အနက်ရောင်(မကောင်း) ၁ လုံး။ ထိပ်တုံး၁ ခုတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီတွင် ကြေးမုံကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ(၁၇၀၀) ခန့်အကွာတွင် PDF အကြမ်းဖက်သမားများ ခြေကုတ်ယူနေထိုင်လျက်ရှိသော -

အလျား ပေ ၃၀ ၊ အနံ ပေ၂ဂ တဲ (သွပ်မိုး၊ ပျဉ်ကာ/ပျဉ်ခင်း) ၁ လုံး။ ရေစက် ၁ လုံး။ လက်လုပ်သေနတ်အရှည် ၂ လက်။ လက်လုပ်မိုင်း ၇ လုံး။ ယမ်းမဲ ၅ ပိဿာခန့် ၁ ထုပ်။ အရှည် ပေ ၁၀၀ ခန့်ရှိ နိုင်လွန်ကြိုး ၁ခွေ။ အလျား ၄ ပေ၊ အချင်း ၆ လက်မခန့်ရှိသံပိုက် ၂ ချောင်း တို့အားသိမ်းဆည်းရရှိခဲ့ကာ ဖော်ပြပါအတိုင်း အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)