အပြည်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ငါးထောင်ကျော်ကို သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှုများကို ထိန်ချန်၍ PDF အကြမ်းဖက်ဖွဲ့စည်းခြင်း ၂နှစ်ပြည့် ကြေညာချက် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ငါးထောင်ကျော်ကို သတ်ဖြတ်ခဲ့သည့် ရာဇဝတ်မှုများကို ထိန်ချန်၍ PDF အကြမ်းဖက်ဖွဲ့စည်းခြင်း ၂နှစ်ပြည့် ကြေညာချက် ထုတ်ပြန်



MNP ၊ မေ ၆

မဲလိမ် မဲခိုးမှုများကြောင့် အာဏာလက်မဲ့ဖြစ်သွားခဲ့ရသည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် ၎င်းတို့၏ အပေါင်းအပါ ၈၈ ကျောင်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသည့် NUG အကြမ်းဖက်အဖွဲ့က ယမန်နေ့ (၅-၅-၂၀၂၂) ရက်နေ့ က ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၂နှစ်ပြည့် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် NUG အကြမ်းဖက်အဖွဲ့အနေဖြင့် “ပြည်သူ့ ကာကွယ်ရေး တပ်မတော်” (People Defence Force – PDF) အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန် (၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ PDF အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းနိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပူးပေါင်းပါဝင်ခဲ့ကြသော အကြမ်းဖက်အားပေးသူများကို ကျေးဇူးတင်ရှိကြောင်း၊ PDF အကြမ်းဖက်အဖွဲ့ကို အချိန်တိုတခုအတွင်း ဤသို့ အားကောင်းခိုင်မာစွာ စုဖွဲ့နိုင်ရေး၊ ရပ်တည်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားခြင်း၊ လက်တွဲခေါ်ယူခြင်း၊ ပူးပေါင်းအားဖြည့်ခြင်း၊ ကူညီဝန်းရံခြင်းစသည့် နည်းလမ်းအမျိုးမျိုးဖြင့် ကူညီပေးခဲ့ကြသည့် မဟာမိတ် တိုင်းရင်းသားအကြမ်းဖက်အားပေး အဖွဲ့အစည်းများအားလုံးကို လေးနက်စွာ ကျေးဇူးတင်ကြောင်း၊ မော်ကွန်းတင် ကြောင်းကို ဖော်ပြထားသည်။

NUG အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖြတ်သန်းခဲ့သည် အချိန် (၂) နှစ်တာအတွင်း NUG နှင့် (PDF) အကြမ်းဖက်အဖွဲ့တို့၏ လုပ်ဆောင်ခဲ့မှုများအနက် -

(PDF) အကြမ်းဖက်အဖွဲ့ကို တနိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ခန့် အတည်ပြုစုဖွဲ့နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် (ပကဖ) အကြမ်းဖက်အဖွဲ့များကို မြို့နယ်ပေါင်း (၂၅၀) ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ မဟာမိတ် တိုင်းရင်းသားအကြမ်းဖက်အားပေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee - C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee - J2C) တို့ကို စုဖွဲ့ထားကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှု ဗဟိုအဆင့် မဟာဗျူဟာ ချမှတ်ရေး၊ ပူးပေါင်းကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး တို့ကို ဤအဖွဲ့အစည်းများတွင် ညှိနှိုင်းဆွေးနွေးကာ ကွပ်ကဲဆောင်ရွက်လျက်ရှိကြောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ မူဝါဒ ဦးဆောင်မှုနှင့်အညီ (PDF) အကြမ်းဖက်အဖွဲ့၏ ရုံးချုပ်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း၊ PDF အကြမ်းဖက်အဖွဲ့ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းဟူ၍ စစ်တိုင်းကြီး (၃) တိုင်းဖြင့် ဖွဲ့စည်းထားကြောင်း၊ မဟာမိတ် တိုင်းရင်းသား အကြမ်းဖက်အားပေးအဖွဲ့များနှင့် လက်တွဲပေါင်းစပ်၍ အမှတ် (၁) စစ်ဒေသနှင့် တောင်ပိုင်းစစ်ဒေသ ဟူသော “စစ်ဒေသ” (၂) ခု ဖွဲ့စည်းကာ စစ်ရေးပူးပေါင်းညှိနှိုင်းမှုနှင့်ပူးတွဲကွပ်ကဲမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ စစ်ဒေသများ၊ စစ်ဒေသခွဲများ၏ ကွပ်ကဲမှုအောက်တွင် ခရိုင်အဆင့် ကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး/စစ်ကြောင်းမှူး တာဝန်နေရာ အများစုကိုလည်း မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များမှ အတွေ့အကြုံရှိ တပ်မှူးများကိုယ်တိုင် တာဝန်ထမ်းဆောင်လျက် ရှိကြောင်း ဖော်ပြပါရှိသည်။


အကြမ်းဖက်လှုပ်ရှားမှု မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ပြီးခဲ့သည့် (၂) နှစ်တာအတွင်း ရန်သူကို အမှည့် ခြွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်း ရုပ်ပိုင်း ဆုတ်လျော့အားပြတ်စေခြင်းတို့ကို ထိရောက်စွာ ပုံဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် မိမိတို့ စိုးမိုး နယ်မြေများစွာ တည်ဆောက်နိုင်ခဲ့ကြောင်း၊ မိမိ စိုးမိုးနယ်မြေများတွင် PDF အကြမ်းဖက်အဖွဲ့က အုပ်ချုပ်နေကြောင်းဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂နှစ်တာ ကာလအတွင်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့သော လုပ်ရပ်များအား ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။


NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ (သြဇာခံ) PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ငါးထောင်ကျော်ကို သတ်ဖြတ်ခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးခန်းများကို စစ်စခန်းအဖြစ် အသုံးပြု၍ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေကြေစေရန် ပြည်သူများ သွားလာနေသော လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်း၊ လမ်းတံတားများနှင့် လျှပ်စစ်တာဝါတိုင်၊ ဖုန်းတာဝါတိုင်များကို မီးရှို့ဖျက်ဆီး၊ ဖောက်ခွဲဖျက်ဆီးသော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)