မြိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် ကလေးငယ် ၁ ဦးတို့ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် ကလေးငယ် ၁ ဦးတို့ သေဆုံး



MNP ၊ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မြို့ပေါ် ရပ်ကွက်များအတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ မှုကြောင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးနှင့် ကလေးငယ် ၁ ဦးတို့ သေဆုံးကာ ၂ လသာအရွယ် ကလေးငယ် ၁ ဦး  ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ် တစ်လုံးနှင့် စာသင်ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့သည်။


ဖြစ်စဉ်မှာ မေလ ၁၀ ရက်နေ့ ည ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်များက ကံကြီးကျေးရွာဘက်မှနေ၍ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ်ရှိ အမှတ်(၃) ရပ်ကွက်နေ ဦးညိုသင်း(၅၆)နှစ် (ဘ)ဦးမောင်ကြည်၏ နေအိမ်နှင့် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ ပေါ်သို့ လက်လုပ်ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးညိုသင်း၏ နေအိမ်အတွင်းရှိနေသည့် ၎င်း၏ ညီမဖြစ်သူ မကျီးကန် ကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်အိမာမြင့်(၃၀)နှစ်နှင့် သားဖြစ်သူ မောင်ကျော်စံလင်း(၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ သားငယ်ဖြစ်သူ မောင်ဇော်ဝေယံဦး(၂)လ (ဘ)ဦးရဲကိုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် ပြတင်းပေါက်မှန် ၅၂ ချပ် နှင့် မျက်နှာကြက် ၄၅ ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိသူ ကလေးငယ်တစ်ဦးအား ဆေးကုသနိုင်ရေး မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက် အတွင်းသို့ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)