မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အပြစ်မဲ့ ခရီးသွားပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အပြစ်မဲ့ ခရီးသွားပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရ





နေပြည်တော်၊ မေ ၈

CRPH၊ NUG အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ် ၁ စီးအား မေ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွား ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ မောတောင်သို့ ထွက်ခွာလာသည့် Nissan Navara အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်သည် မေ ၇ ရက် ညနေ ၄ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာနှင့် လသာကျေးရွာကြား၊ မိုင်တိုင် အမှတ်၊ ၃၃/၃ နေရာသို့ရောက်ရှိစဉ် CRPH၊ NUG အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်းနှင့် အဆိုပါ ဒဏ်ရာရပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိတ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွား မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

အထက်ပါ ဖြစ်စဉ်မှ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများ အား ယနေ့မွန်းလွဲပိုင်းတွင် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)