မိုခါမုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ President of Korea-Myanmar Friendship Interchange Association မှ အလှူငွေလာရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါမုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ President of Korea-Myanmar Friendship Interchange Association မှ အလှူငွေလာရောက်ပေးအပ်



MNP ၊ မေ ၂၈

ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆိုးလ်မြို့ အခြေစိုက် Korea-Myanmar Friendship Interchange Association ဥက္ကဋ္ဌ Ven. Mok Tak က အလှူငွေ အမေရိကန်ဒေါ်လာ ၃,၀၀၀ (အမေရိကန်ဒေါ်လာသုံးထောင်တိတိ) ကို ၂၆-၅-၂၀၂၃ ရက် (သောကြာနေ့)၊ ကိုရီးယားဒေသစံတော်ချိန် မွန်းလွဲ (၁၄:၃၀) နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုး ပေးသည့်အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်လွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)