Pages

Pages

တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်





MNP ၊ မေ  ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း အသိပညာပေးTalk Show အစီအစဉ်ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန် ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာ နိုင်မည်ဆိုပါက ကြိုတင်ပြင်ဆင်ထားရန်အချက်များ၊ လိုအပ်သော အ‌ရေးပေါ်သုံး ပစ္စည်းများနှင့် ဆောင်ရွက်ရန်အချက် များ၊ သဘာဝဘေးအန္တရာယ် ကျရောက်နေစဉ်အတွင်း လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး နားလည် သဘောပေါက်လွယ်ကူစေရန် အရောင်ဖြင့် သတိပေးစနစ်များအကြောင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Showများကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment