Pages

Pages

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊ မေ  ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ ပူးပေါင်းပြီးမေ(၁၂)ရက်နေ့ နံနက်(၁၀)နာရီကအွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူ  အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က အွန်လိုင်းရောင်းဝယ်မှုများနှင့်ပက်သက်၍ပြည်သူများသတိပြုရမည့်အချက်များကို သိရှိစေနိုင်ရန်ရည်ရွယ်၍  Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


    ထို့နောက် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိဦးအောင်ကျော်မင်းက ယနေ့ခေတ်မှာတွင်တွင်ကျယ်ကျယ်အသုံးများလာတဲ့‌အွန်လိုင်းရောင်းဝယ်မှုအခြေအနေ၊ Online Shopping နှင့်ပက်သက်ပြီး စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များ၊စားသုံးသူပြည်သူများအနေဖြင့်တိုင်ကြားနိုင်သည့်နည်းလမ်းများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုသဘာဝ‌ဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment