ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်း​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲ (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ မုန်တိုင်း​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး ပွဲ (Talk Show) ပြုလုပ်



MNP ၊ မေ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk  Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ပြုလုပ် သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က မုန်တိုင်း ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ဆွေးနွေးပြီး၊ စာကြည့်တိုက်လက်ထောက်/၃  ဒေါ်ချိုချိုဌေးက ဖြစ်ပေါ်နိုင်သည့် သဘာဝဘေး အမျိုးအစားများနှင့် မုန်တိုင်းဖြစ် ပေါ်နိုင်မှု အခြေအနေ၊ မုန်တိုင်းသတိ​ပေးချက် အရောင်အညွန်းနှင့်လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ မုန်တိုင်း မဖြစ်မီကြိုတင်​ပြင်ဆင်ရန်အချက် များ၊ မုန်တိုင်းဖြစ်ချိန်တွင် ရှောင်ရှားသင့်သည့်အချက်နှင့် လိုက်နာရန် အချက်များ၊ မုန်တိုင်းပြီးဆုံးချိန်တွင်ပြုလုပ်ရန်အချက်များကို ပြည်သူများသိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေး နွေးသည်။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲများကို Online မှတစ်ဆင့် အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နှင်းမြူလွင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)