ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်





MNP ၊ မေ  ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တို့ ပူးပေါင်းပြီးမေ(၉)ရက်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး  အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဒေါ် အေးယုဝေ က မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့်မုန်တိုင်းဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်အတွက်အသိပညာပေးသည့် နည်းလမ်းများကို ပြည်သူများသိရှိစေနိုင်ရန်ရည်ရွယ်၍  Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်များ၊မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရမည့်အချက်များ၊မုန်တိုင်းဖြစ်ပေါ်နေချိန်တွင်လိုက်နာရမည့်အချက်များ၊မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင်ရှောင်ရှားသင့်သည့်အချက်များ၊မုန်တိုင်းအန္တရာယ်ကို အရောင်ဖြင့်သတိပေးစနစ်များစသည်တို့ကိုအကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုသဘာဝ‌ဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)