MNP ၊ မေ ၈
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နု Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက မိုးကြိုကာလ၌ အဖြစ်များသည့် လေပြင်းမုန်တိုင်းဘေး၊ လျှပ်စီးမိုးကြိုးဘေးတို့အပါအဝင် သဘာဝဘေးအမျိုးမျိုးတို့အတွက် ကြိုတင်ကာကွယ်သင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အတွင်းနှင့် ဖြစ်ပွားပြီးနောက် လိုက်နာကြရမည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ မုန်တိုင်းဘေးအတွက် သတ်မှတ်ထားသည့်အရောင်ငါးမျိုးဆိုင်ရာ သိကောင်းစရာများ၊ နိုင်ငံတော်မှ တရားဝင် စဉ်ဆက်မပြတ် ထုတ်ပြန်ပေးလျှက်ရှိသည့် မိုးလေဝသ သတင်းများကို ဂရုပြုနားထောင်ကြရေး၊ မွန်ပြည်နယ်အတွင်း အဖြစ်များသည့် ဘေးအန္တရာယ်များနှင့် သတိပြုရမည့်အချက်များ စသည့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment