ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေး မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေး မုန်တိုင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊ မေ  ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်းပြီးမေ(၁၁)ရက်နေ့ နံနက်(၁၀)နာရီက သဘာဝဘေးမုန်တိုင်းအန္တရာယ်ကာကွယ် ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော် က မုန်တိုင်းဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန်နှင့်‌ ဘေးကျရောက်လာပါက မီးသတ်ဦးစီးဌာနအနေဖြင့်  ရှာ ဖွေ ကာ်ဆယ်ရေးဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားရှိမှုကို ပြည်သူများသိရှိစေနိုင်ရန်ရည်ရွယ်၍  Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


     ထို့နောက် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူ ဦးရဲညွန့်ထွေးက ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ ရေး ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အသင့်ပြင်ဆင်စုဖွဲ့ထားမှု ဘေးအန္တရာယ်ဖြစ်နေချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မည့်နည်းလမ်းများ၊ဘေးဖြစ်ပြီးချိန်တွင်ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့်နည်းလမ်းများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုသဘာဝ‌ဘေးအန္တရာယ် ကြိုတင် ကာကွယ် ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)