MNP ၊ မေ ၁၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်အောင်နိုင်က ယာဉ်ထိန်းရဲတွေရဲ့တာဝန်ဝတ္တရားများ ကိုလည်းကောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရာများကိုလည်းကောင်း၊ယာဉ်တိုက်မှုအမျိုးအစားများကိုလည်းကောင်း၊ကားနှင့်ဆိုင်ကယ်မောင်းရာတွင်လိုက်နာရမည့်အချက်များကိုလည်းကောင်း ၊ လမ်းလျှောက်ရာတွင် လိုက်နာရမည့်အချက်များကိုလည်းကောင်း စသည့်ပြည်သူများ သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment