နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပဩဇာခံများ မဖြစ်စေရေး အရေးကြီး ပါကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပဩဇာခံများ မဖြစ်စေရေး အရေးကြီး ပါကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြောကြား



MNP ၊ မေ ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သောအဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံစဉ် နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပဩဇာခံများ မဖြစ်စေရေး အရေးကြီး ပါကြောင်း ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။


တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်နေမှု၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ စိစစ် ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ဒူးမားလွှတ်တော် ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ဆက်ဆံရေးသည် အစဉ်အလာကောင်းများရှိခဲ့ပြီး ၇၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ရှေးယခင်ကတည်းက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရှေ့ဆက်ပြီးလည်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေးစားပြီး အမြဲထောက်ခံအားပေးလျက် ရှိပါကြောင်း ပြောကြားကာ သိလိုသည်များကို မေးမြန်းသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံအလိုက် ပြဋ္ဌာန်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တူညီမှုမရှိဘဲ မိမိနိုင်ငံ၊ မိမိအခြေအနေနှင့်ကိုက်ညီစေရန် ရေးဆွဲဆောင်ရွက်ရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရွေးကောက်ပွဲများကျင်းပရာတွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများက ယုံကြည်လက်ခံသည့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများ၏ အားနည်းချက်များကို လေ့လာသုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲများတွင် မဲမသမာမှုများ မဖြစ်အောင် ဥပဒေများကို ဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခွင့်နှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရှိမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ အားလုံးအား ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအား တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ ပြုရာတွင်လည်း ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံရေးပါတီမဆို ဥပဒေများကိုချိုးဖောက်ပါက အရေးယူ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ပြည်ပဩဇာခံများ မဖြစ်စေရေး အရေးကြီး ပါကြောင်း၊ နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် တာဝန်ယူရမည့် သူများဖြစ်၍ ဒီမိုကရေစီသက်တမ်းနုနယ်သည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေးပါတီကောင်းများ၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားနိုင်ငံဗဟိုရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်း၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)