Pages

Pages

ထိုင်းအသင်း နှင့် ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်သွားပါမယ် ဟု မြန်မာအသင်း နည်းပြချုပ် Uki Tetsuro ပြောကြား



MNP ၊ မေ ၁၁

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားရမည့် ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မေ ၁၁ရက်၊ နေ့လယ်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့ရှိ၊ Hotel Pheom Phen တွင် ပြုလုပ်ခဲ့ပြီး မြန်မာနှင့်ထိုင်းအသင်းတို့မှ နည်းပြချုပ်နှင့် အသင်းခေါင်းဆောင်များ တက်ရောက်ဖြေကြားခဲ့သည်။


မြန်မာနှင့် ထိုင်းအသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို မေ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့ရှိ RCAF Old ကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။


ထိုင်းအသင်း နည်းပြချုပ်(Naruephon Kaenson)

ထိုင်းအသင်းအနေနဲ့ အုပ်စုအဆင့်ကို အကောင်းဆုံး  ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ မြန်မာအသင်းနဲ့တွေ့ရမှာပါ။ မြန်မာအသင်းကို အာဆီယံနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ မကြာခဏတွေ့ဖူးလို့ အတော်ကိုရင်းနှီးနေတဲ့ အသင်းတစ်သင်းပါ။ အခုပြိုင်ပွဲမှာတော့ ဂျပန်လူမျိုးနည်းပြချုပ်အသစ်နဲ့ လာပြိုင်တာကိုတွေ့ရပါတယ်။ မြန်မာအသင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာပါ။ မနက်ဖြန်မှာ အကောင်းဆုံးရလဒ်ရဖို့ ကြိုးစားသွားပါမယ်။ 


မြန်မာအသင်း နည်းပြချုပ် (Uki Tetsuro)

ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့လို ဝမ်းသာပါတယ်။ အုပ်စုအဆင့်မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်လာရပြီး အခုလို‌နောက် တစ်ဆင့်တက်ရောက်လာခဲ့တာပါ။ ထိုင်းက တောင့်တင်းတဲ့အသင်းကောင်းတစ်သင်းဖြစ်ပြီး အင်အားကြီးပါတယ်။ ပြိုင်ဘက်ကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မနက်ဖြန်ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်သွားပါမယ်။ 


မြန်မာအသင်းခေါင်းဆောင် (ခင်မာလာထွန်း)

ထိုင်းအသင်းက အာဆီယံမှာ အင်အားကြီးအသင်းတစ်သင်းပါ။ ထိုင်းအသင်းရဲ့ပွဲစဉ်တွေကိုလည်း ကြည့်ဖြစ်ပါတယ်။ အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ 


ထိုင်းအသင်းခေါင်း‌ဆောင် (Nipawan Panyosuk)

မနက်ဖြန်ပွဲအတွက် အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်။ မြန်မာအသင်းက ကစားသမားတချို့နဲ့ ထိုင်းအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဆုံဖူးပါတယ်။ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ ကြိုးစားသွားပါမယ်။


#MyanmarNationalPost

No comments:

Post a Comment