USDP ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့သို့ရောက်ရှိပြီး လုပ်အားပေးအဖွဲ့များအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

USDP ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း မိုခါမုန်တိုင်းဒဏ်သင့် စစ်တွေမြို့သို့ရောက်ရှိပြီး လုပ်အားပေးအဖွဲ့များအား တွေ့ဆုံအားပေး













MNP ၊ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်သင့်သည့် စစ်တွေမြို့သို့ မေလ ၂၈ ရက်နေ့ ရောက်ရှိပြီး လုပ်အားပေး ကူညီဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား လိုက်လံတွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

ပထမဦးစွာ စစ်တွေလေဆိပ်တွင် ကယ်ဆယ်ရေးပစ္စည်းများ ကူညီသယ်ဆောင်ပေးနေသည့် ပါတီဝင်များကို တွေ့ဆုံအားပေးခဲ့ပြီး ပြည်တော်သာရပ်ကွက် လမ်းများပေါ်တွင် လဲကျနေသည့် သစ်ပင်များဖြတ်တောက်ရှင်းလင်းခြင်း အမှိုက်များ ရှင်းလင်းခြင်းတို့ ကူညီလုပ်ဆောင်နေကြသည့် ပါတီဝင်များကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။ 

USDP ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းက ယခုကဲ့သို့ လာရောက်၍ ပြည်သူလူထုကို ကူညီဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူလူထုအကျိုးအတွက် တက်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လုပ်အားပေးအဖွဲ့များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့အပြင် မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီနေသည့် ဒေသခံပါတီဝင်များ အနယ်နယ်အရပ်မှ လာရောက်ကူညီနေသည့် ပါတီဝင်များအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး လုပ်အားပေးဆောင်ရွက်နေသည့် ပါတီဝင်များအတွက် စားသောက်စရိတ်များကို ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ကူညီဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နေပြည်တော်မှ ကူညီဆောင်ရွက်ရေးအဖွဲ့များ ထပ်မံသွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)