Pages

Pages

န်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ





MNP ၊ မေ  ၁၂

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူ များထံသို့ အသိပေးရှင်းလင်းပွဲ (၅/၂၀၂၃)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့် ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Asia Starmar Transport Intelligent Company Limited မှ တာဝန်ရှိသူတစ်ဦးက Yangon Payment Service (YPS) Pay Mobile Application နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မီဒီယာများက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းများတွင် တပ်ဆင်ထားသည့် Yangon Payment Service (YPS)စက်များနှင့် (YPS) Pay Mobile Application တို့၏ ချိတ်ဆက်အသုံးပြုနည်းများ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော City Taxi ယာဉ်များအား မှတ်ပုံတင် ဘေးစတေကာ နံပါတ်များ ပြောင်းလဲပြင်ဆင် ဆောင်ရွက်ပေးနေခြင်း‌‌နှင့် မှတ်ပုံတင် ဘေးစတေကာ နံပါတ်များ မပြောင်းလဲသေးသည့် City Taxi ယာဉ်များအား စစ်ဆေးအရေးယူသွားမည့် အစီအစဉ်များ၊ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် YBS ခရီးသည်တင်ယာဉ်များအား ပြစ်မှုပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်နေသည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် အပိုယာဉ်များ အသင့်စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ယာဉ်အိုဟောင်းနေပြီဖြစ်သော YBS ခရီးသည်တင်ယာဉ်များနေရာတွင် လျှပ်စစ်သုံး EV ဘတ်စ်ကားများ  အစားထိုး ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost












No comments:

Post a Comment