Pages

Pages

ရသေ့တောင် မြို့နယ်တွင်မိဘပြည်သူများအတွက် လိုအပ်တဲ့အိမ်သုံးပစ္စည်းများအား ATOM နှင့်We Love Rakhine အဖွဲ့တို့မှပူ‌ ပေါင်း၍ပေးအပ်လှူဒါန်းမှုကို ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး




MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ယနေ့မွန်းလွဲပိုင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်တာဝန်ရှိသူများသည် အောင်မြေဗောဓိသာသနာ့ရိပ်သာအလိုတော်ပြည့်ကျောင်းတိုင်အတွင်းကျင်းပသော ATOMရဲ့(၁)နှစ်ပြည့်အထိမ်းအမှတ်လှူဒါန်းမှုအနေနဲ့မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်ရှိ မိဘပြည်သူများအတွက် လိုအပ်သောအမိုးအကာနှင့်ရိက္ခာစား‌ သောက်ဖွယ်ပစ္စည်းများထောက်ပံ့ပေးအပ်ပွဲဖြစ်သော ATOM နှင့်  We Love Rakhine အဖွဲ့မှပေးအပ်လှူဒါန်းမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ATOM နှင့်  We Love Rakhine အဖွဲ့သည် မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက်(၂)ခုနှင့်ကျေးရွာ(၃)ရွာမှအိမ်ထောင်စုပေါင်း (၁၂၀) အား ဆန်၊ပဲနီလေးနှင့်ရေသန့်စင်ဆေးပြားအပါအဝင်နေအိမ်များပြုပြင်ဆောက်လုပ်ရေးအတွက် တစ်အိမ်ထောင်လျှင်(၀.၄၂mm) အထူရှိသောသွပ်ပြား အချပ် (၃၀)၊(၂၄)ပေ ပတ်လည် တာပေါ်လင် ၊ မိုးသံ(၁)ဖာနှင့် သွပ်ကြိုးများကိုလှူဒါန်းကူညီထောက်ပံ့ပေးသွားကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment