သတင်းစာမျက်နှာများတွင် စစ်ကောင်စီ ဟု သုံးနှုန်းကာ လုပ်ကြံသတင်းများ ရေးသားဖာ်ပြနေသည့် ဗြိတိန်အခြေစိုက် BBC သတင်းဌာနက SAC ဟု သုံးနှုန်း မေးမြန်းထားသည်ကို တွေ့မြင်ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သတင်းစာမျက်နှာများတွင် စစ်ကောင်စီ ဟု သုံးနှုန်းကာ လုပ်ကြံသတင်းများ ရေးသားဖာ်ပြနေသည့် ဗြိတိန်အခြေစိုက် BBC သတင်းဌာနက SAC ဟု သုံးနှုန်း မေးမြန်းထားသည်ကို တွေ့မြင်ရ




MNP ၊ ဇွန် ၁၃

ဗြိတိန်အခြေစိုက် BBC သတင်းဌာနအနေဖြင့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အုပ်စုနှင့် တသားတည်းရပ်တည်၍ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ရေးသားမှုများ ပြုလုပ်လျက်ရှိပြီး တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုလည်း စစ်ကောင်စီ(စကစ) ဟူသော အသုံးအနှုန်းဖြင့် ပြည်သူများ အသိမှား အမြင်မှားဖြစ်အောင် သုံးနှုန်းရေးသားဖော်ပြလျက်ရှိသည်ကို တွေ့မြင်ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းမှတ်ထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ ဆက်သွယ် မေးမြန်းနိုင်သည့် Channel တွင် ရခိုင်ပြည်နယ်အခြေအနေနှင့် ဆက်စပ်၍ ဗြိတိန်အခြေစိုက် BBC သတင်းဌာနက မေးမြန်းရာတွင် "လက်ရှိ SAC ဘက်က မိုခါကြောင့် ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်ရဲ့ ဘယ်လို အခန်းကဏ္ဍတွေကို ပြန်လည်ပြင်ဆင်တာ ဘယ်လောက်ရာခိုင်နှုန်းအထိ အောင်မြင်ပြီးစီးခဲ့ပါပြီလဲ။" ဟု မေးမြန်းထားသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ State Administration Council (SAC) ဟု သုံးနှုန်းခြင်းဖြစ်ပြီး ဗြိတိန်အခြေစိုက် BBC သတင်းဌာနသည် သတင်းစာမျက်နှာများတွင် လုပ်ကြံဖန်တီးရေးသားရာတွင် အမည်တစ်မျိုးသုံး၍ ဆက်သွယ်မေးမြန်းရာတွင် SAC ဟု သုံးနှုန်းမေးမြန်းလာသည်ကို တွေ့မြင်ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)